လွှတ်တော်ထဲမှာအချေအတင်ဖြစ်နေတဲ့အခြေခံဥပဒေပြင်ဆင်ရေး

ဗိုလ်မှူးချုပ်မောင်မောင်
图片标题 အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းဦးဆောင်တင်သူ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်

ပြည်ထောင်စုလွှတ်တော် နိုဝင်ဘာ လ ၂၀ ရက် အစည်းအဝေးမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် သုံးခဲ့တဲ့ စကားရပ်တချို့နဲ့ ပတ်သက်ပြီး အပြန်အလှန် ကန့်ကွက်ကြရင်း နောက်ဆုံးမှာ ပြည်ထောင်စု လွှတ်တော် နာယကက မိုက်ခရို ဖုန်းမပေးတော့ဘူးလို့ ပြောရတဲ့အထိ ဖြစ်ခဲ့ပါတယ်။


nginx

နောက်ဆုံးမှာတော့ အဲဒီ့ကိုယ်စားလှယ်နှစ်ဦးစလုံးကို မိုက်ခရိုဖုန်းမပေးတော့ဘဲ လွှတ်တော်နာယကက အဲဒီစကားရပ်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ပေးခဲ့ပါတယ်။

ဝန်ကြီးချုပ်နဲ့ ဝန်ကြီး အရည်အချင်းမှာ ပုဒ်မ ၅၉ (စ) ပါ ကန့်သတ်ချက်တွေ ထည့်သွင်းဖို့ပြင်

တပ်နဲ့ကြံ့ခိုင်ရေးအခြေခံဥပဒေပြင်မယ့်မူကြမ်းနှစ်ခုထပ်တင်မယ်

ဓာတ်ပုံမူပိုင် ပြည်ထောင်စုလွှတ်တော်的Facebook的
图片标题 ဦးသောင်းအေး က လွှတ်တော်နည်းဥပဒေ၊ စည်းကမ်းချက်တွေနဲ့ မညီဘူးလို့ပြော

ဦးသောင်းအေး ဆွေးနွေးတာကတော့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် အခုနှစ် အစောပိုင်းက တင်သွင်းခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကိစ္စ ဖြစ်ပါတယ်။

ဦးသောင်းအေးက အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်း နှစ်ခုရှိနေပြီးတော့ NLD ဦးဆောင်တဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီ ရဲ့လမ်းကြောင်းဟာ လွှတ်တော်နည်းဥပဒေ စည်းကမ်းနဲ့ မကိုက်ညီဘဲ အရေးအကြီးအဆို တင်သွင်းပြီး မဲခွဲ ဖွဲ့စည်းခဲ့တာလို့လည်း ပြောခဲ့ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး45ဦးပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ကို NLD က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ပြည်‌ထောင်စုလွှတ်တော်မှာ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံမူပိုင် Alamy图片社
图片标题 သီးခြားစီတပြိုင်တည်းဆွေးနွေးဖို့လွှတ်တော်ဥပဒေကြမ်းကော်မတီကပြော

500 Internal Server Error