တပ်ကဆွေးနွေးချက်အချို့ လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်

တပ်ကတင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းနှစ်ခုမှာ ဆက်ဆွေးနွေးဖို့ နောက်ထပ်ဥပဒေကြမ်းတစ်ခု ထပ်ရှိနေ
图片标题 တပ်ကတင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းနှစ်ခုမှာ ဆက်ဆွေးနွေးဖို့ နောက်ထပ်ဥပဒေကြမ်းတစ်ခု ထပ်ရှိနေ

တပ်မတော်က တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းကို ဆက်မဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။


nginx

ဒီဥပဒေမူကြမ်းကို လေ့လာစိစစ်ပူးပေါင်းကော်မတီရဲ့ တွေ့ရှိချက်ပေါ် မူတည်ပြီး နိုဝင်ဘာ ၂၆ ရက်က ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတဲ့နောက် ထောက်ခံမဲအများစုနဲ့ ခုလို မဲခွဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တပ်ကတင်ထားတဲ့ အဲဒီဥပဒေကြမ်းမှာ ဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်းမှာ ပုဒ်မ ၅၉ (စ) ပါကန့်သတ်ချက်တွေကို ထည့်သွင်းဖို့ ပြင်ဆင်တာဖြစ်ပါတယ်။

ပုဒ်မ ၅၉ (စ) ဆိုတာ သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်ပြီး နိုင်ငံခြားသားနဲ့ ဆက်စပ်သူ မဖြစ်ရဆိုတဲ့ ကန့်သတ်ချက်ဖြစ်ပါတယ်။