ကျားဖောင်လုပ်ငန်းခွင်မှာလူကုန်ကူးခံခဲ့ရသူ

ကျားဖောင်လို့ခေါ်တဲ့မြစ်ဝကျွန်းပေါ်ပင်လယ်ပြင်ငါးဖမ်းဖောင်တွေပေါ်လုပ်ကိုင်ဖို့ပွဲစားတွေကဖျားယောင်းပြီးအတင်းအဓမ္မစေခိုင်းခံရသူတွေထဲကဒဂုံတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်ဒီပြဿနာကိုခေတ်သစ်ကျွန်ပြုခံနေရတဲ့ပြဿနာလို့လူ့အခွင့်အရေးလှုပ်ရှားသူတွေကထောက်ပြပြောဆိုလာပါပြီ。

အဲဒီတက္ကသိုလ်ကျောင်းသားရဲ့သတင်းပေးချက်အရနောက်ထပ်အဓ္မမစေခိုင်းခံရသူ2ကိုလည်းသက်ဆိုင်ရာအာဏာပိုင်တွေကကယ်တင်နိုင်ခဲ့ပါတယ်。

ပြန်လည်ကယ်တင်လာနိုင်တဲ့အထဲကတစ်ဦးဖြစ်တဲ့ကိုသက်ကသူဘယ်လိုကျားဖောင်တွေပေါ်ရောက်ရှိလာခဲ့တာလဲ, ကျားဖောင်မှာဘာတွေလုပ်ကိုင်ခဲ့ရပါသလဲ, ဘယ်လိုလူမျိုးတွေကိုပွဲစားဆိုသူတွေကပစ်မှတ်ထားလာတာပါလဲစတဲ့သူ့ကိုယ်တွေ့အတွေ့အကြုံတွေကိုဘီဘီစီကိုပြန်လည်ပြောပြထားပါတယ်。